တကောင်း ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်နှင့် စည်းကမ်းသတ်မှတ်ချက်များအား လိုက်နာ ဆောင်ရွက်ရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁၆ နာရီက အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပေးနှိုးဆော်ရာ၌ တကောင်းမြို့တွင် ဇူလိုင်လ(၇)ရက်နေ့မှ (၁၂)ရက်နေ့ အထိ ကိုဗစ် - ၁၉ရောဂါပိုးတွေ့ရှိသူ (၁၂)ဦးရှိပြီးဖြစ်ရာ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရန်နှင့် နေအိမ်မှအပြင်ထွက်သည့်အခါ နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်သွား ကြရန် တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြ ရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေ အခွာမှသာ နေထိုင်ပြောဆိုကြရန် စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ် (Take away) ဖြင့်သာ ဆောင်ရွက် ရန်၊ လက်တွင်ကပ်ပါလာသော ဗိုင်းရပ်စ်ပိုးကိုပျက်စီးစေရန် အတွက် လက်ကိုဆပ်ပြာနှင့်ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာ ဆေးကြောကြရန်၊ ရောဂါဖြစ်ပွားရာ ဒေသများမှ လာရောက်သူများအား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု့ခြင်း ( Quarantine ) လုပ်ငန်း များတွင် ပူးပေါင်း ပါဝင်ကြရန်နှင့် လူစုလူဝေးဖြစ်စေသည့် အလှူ၊ မဂ်လာဆောင် များ၊ မွေးနေ့ပွဲအခမ်းအနား၊ ပွဲလမ်းသဘင်များ လုံးဝ(လုံးဝ) ကျင်းပပြုလုပ်ခြင်းမပြု ရန်၊လိုက်နာရန်ပျက်ကွက်ပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံ ရမည်ဖြစ်၍ သိရှိလိုက်နာကြရန် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် စည်းကမ်းသတ်မှတ် ချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ပေးကြရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် အသံချဲစက်ဖြင့်လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။