ငါးသိုင်းချောင်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Aug 20,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအဖြစ် ငါးသိုင်းချောင်း မြို့ပေါ်ရှိရပ်ကွက် (၆) ခုတွင် ဩဂုတ်လအတွင်း မြို့မိခင်နှင့်ကလေး ကျန်းမာရေးဌာနက ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ဩဂုတ် လ ၂ဝ ရက်နေ့ နံနက်ပိုင်းက ငဝန်ရပ်ကွက်၊ လောကမာရ်အောင် တန်ဆောင်း၌ ရပ်ကွက်အတွင်းရှိ အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောပေးခြင်းနှင့် အိုင်အိုဒင်းဆားများ ဖြန့်ဝေပေးခြင်းအစီအစဉ်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။