သတင်းများ

မူဆယ်မြို့၊ (၁၀၅)မိုင်၌ “အလင်းတံခါး”ကျောင်းစာကြည့်တိုက် ဖွင့်လှစ်
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင်၊ အခြေခံပညာအထက်တန်းကျောင်းတွင် “အလင်းတံခါး” ကျောင်းစာကြည့်တိုက်ကို ယနေ့ နံနက်(၁၀)နာရီအချိန်က ထေရဝါဒကျောင်း ဆရာတော် ဘဒ္ဒန္တဦးဝိမလ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကိန်မိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသက်သက်စံ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးအယ်လ်စိုးထန်တူး၊ ခရိုင်သာသနာရေးမှူး ဦးထိန်လင်းအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်သန်းဦးနှင့် မိုင်းယု(၁၀၅)မိုင်ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်မီဝမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
မိုင်းလုံမြို့ရုံး Community Centre တွင် စာဖတ်ဝိုင်းကျင်းပ
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန် နေ့ မွန်းလွဲ(၂)နာရီက Book Club အဖွဲ့ဝင်များ လူကုန်ကူးမှု အန္တရာယ်မှ ကာကွယ်နိုင်စေရန်နှင့် လူကုန်ကူးမခံရလေအောင် လူတိုင်း အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ "လူကုန်ကူးမှုနှင့် အန္တရာယ်ရှိသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေး လက်စွဲ စာအုပ်" ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
တန့်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများပေးသွင်း
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ငွေရရှိနိုင် ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းပေးသွင်းလျက်ရှိ‌ကြောင်းသိရသည်။
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 19,2020
မကွေးခရိုင်၊မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ မေလ ၂၆ ရက်နေ့က အတည်ပြုပြဌာန်းခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်အား ပြည်သူများနှင့် မော်တော်ယာဉ်မောင်းများ သိရှိ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းနှင့် ဖမ်းဆီးအရေးယူခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ မြို့ပေါ်(၅)ရပ်ကွက်နှင့် ယာယီပျံကျစျေးအနီး လူအများသွားလာနေသည့် နေရာများ၌ ဆောင်ရွက်ခဲ့သည်။
ကျောက်တံခါးမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာန (ရွေ့လျားစာကြည့်တိုက်)အတွက် ကိုဗစ်-၁၉​ ရောဂါ ကြိုတင်ကာကွယ်​ရေးပစ္စည်းများနှင့်​ ဂျပန်ပုံပြင် (မြန်မာဘာသာပြန်)စာအုပ်များ လာ​ရောက်လှူဒါန်း
Aug 19,2020
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်ရုံး၊ က​လေးစာဖတ်ခန်းတွင် ကိုဗစ်-၁၉​ ရောဂါ ကြိုတင်ကာကွယ်​ရေးသုံးပစ္စည်းများနှင့်​ရွေ့လျားစာကြည့်တိုက်များ ကွင်းဆင်း​ဆောင်ရွက်ရာတွင် ငှားရမ်း​ပေးမည့် စာအုပ်များကို ရှန်တီ​စေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ ယမန်​နေ့ ည​နေပိုင်းက လာရောက်လှူဒါန်းခဲ့သည်။
ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း​ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 19,2020
၂၀၂၀ ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခြင်းနှင့် ပုံစံ၃(က)စိစစ်လက်ခံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်​နေ့နေ့လယ် ၁ နာရီ ၃၀ အချိန်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းတွင်ကျင်းပပြု လုပ်ခဲ့သည်။
ရမည်းသင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းများဆောင်ရွက်
Aug 19,2020
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဩဂုတ် ၁၅ ရက်နံနက်ပိုင်းကစတင်၍ ရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲများမှပေးပို့သည့် ပြင်ဆင်၊ ဖြည်စွက်၊ ပျယ်ဖျက်ခြင်းတို့ကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။