လယ်ဝေး ဩဂုတ် ၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးပြင်ဆင်ထားရှိမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများအား ကိုဗစ်ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် ပြည်သူများအမည်စာရင်းလက်ခံခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းနေရာ အဆင်ပြေ စေရေး၊ ကာကွယ်ဆေးထိုးပြီးနောက် မိနစ်(၃၀)ခန့် သက်သောင့်သက်သာစောင့်ဆိုင်းရမည့်နေရာ၊ အရေးပေါ်လူနာခန်းနှင့် ကာကွယ်ဆေးထိုးမည့်ခန်းမအတွင်း အလင်းရောင်ရရှိရေး လေဝင်လေထွက် ကောင်းမွန်စေရေးတို့ကို မှာကြားခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း ကာကွယ်ဆေးထိုးမည့် အုပ်စု(၁၂)စုမှလူဦးရေ ၃၉၀၀ကျော်ရှိပြီး သြဂုတ် ၁ ရက်မှ ၁၀ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာသတ်မှတ်ရက်များအလိုက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးထိုးအဖွဲ့(၃)ဖွဲ့ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)