သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 02,2021
  မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့နယ် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်းများ၌ တပြိုင်တည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် အသက်၆၅နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Aug 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြိုနယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်မှ စတင်၍ အသက် ၆၅နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က(၁)ကျောင်းနှင့် အ.လ.က(၄) ကျောင်းတို့ တွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၆၅) နှစ်အထက် ဘိုးဘွား (၁၀၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး
Aug 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည့် Sinopharm အမျိုးအစား Covid -19 Vaccine များကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဥမ္မာမြင့်နှင့် အဖွဲ့တို့က သိမ်ဖြူလက်ဝှေ့ရုံ တွင် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Aug 02,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊အရှေ့ပိုင်းခရိုင် ၊တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၌ အသက်(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများကို ယမန်နေ့ နေ့လည်(၁၁:၀၀)နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် ပရဟိတအဖွဲ့ဝင် (၆၇)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ‌ပရဟိတအသင်း(၇)သင်းမှ အဖွဲ့ဝင် (၆၇)ဦးအား ယမန်နေ့ ညနေ ၄နာရီက မြို့သစ်ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။
မင်းပြားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးလျှက်ရှိ
Aug 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးခြင်းကို မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများအား ကြိုဆိုအားပေးပြီး ပြန်လည်လက်ခံနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Aug 02,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ စတင် ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကုသရေးစင်တာအသစ်များ ဖွင့်လှစ်ရန် ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုများကို လိုက်လံကြည့်ရှု
Aug 02,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ - ရောဂါ ကုသရေးစင်တာအသစ်များ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။