ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉)ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအနက် (၆)ဦးဆေးရုံဆင်းခွင့်ရ

မောင်တော     ဩဂုတ်  ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ဇူလိုင် ၃၁ ရက်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၉) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။   

အဆိုပါ ပိုးတွေ့ လူနာများသည် မောင်တောမြို့ ပြည်သူ့ဆေးရုံနှင့် ယာယီဆေးရုံငယ်တို့ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူလျက်ရှိပြီး  ဇူလိုင် ၃၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် (၆)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၄၄၂)ဦးရှိရာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများအနက် (၃၈၃)ဦးမှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၁၁)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၄၈) ဦးရှိ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။  

သက်လွင်စိုး