သာကေတ ဩဂုတ် ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နေ့လယ်(၁:၀၀)နာရီတွင်စတင်၍ကိုဗစ်စ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးမည်ဖြစ် ပါသည်။
အဆိုပါကိုဗစ်ကာကွယ်ဆေး ထိုးနှံရာစုရပ်များဖြစ်သည့် စုရပ်(၁)အဖြစ် ၃/မာန်ပြေရပ်ကွက်အ-ထ-က(၃) အခြေခံပညာ အထက်တန်းကျောင်း၌(၅)ရပ်ကွက်၊(၄)တောင်ရပ်ကွက်၊ (၄)မြောက် ရပ်ကွက်၊ (၃)ရန်ပြေရပ်ကွက်၊ (၃)မာန်ပြေရပ်ကွက်ရှိ ပြည်သူများအား ဆေးထိုးနှံပေးမည်ဖြစ်ပြီး စုရပ်(၂)ဖြစ်သော (၇)အနောက် ရပ်ကွက်ရှိအထက(၂)အခြေခံပညာထက်တန်းကျောင်း၌(၆)အရှေ့ရပ်ကွက်၊(၆)အနောက်ရပ်ကွက်၊(၇)အရှေ့ရပ်ကွက်၊(၇)အနောက်ရပ်ကွက်၊ ရှုခင်းသာ ရပ်ကွက် များရှိပြည်သူများအား ဆေးထိုးနှံပေးမည်ဖြစ်ပြီး၊ စုရပ်(၃)အဖြစ် အထက(၁)အခြေခံ
ပညာအထက်တန်းကျောင်း၌၁/ထူပါရုံရပ်ကွက်၊ ၁/အနော်မာရပ်ကွက်၊ ၂/တောင်ရပ်ကွက်၊ ၂/မြောက်ရပ်ကွက်၊ စက်မှုလက်မှုရပ်ကွက်များရှိ ပြည်သူများအား ဆေးထိုးနှံပေးမည ်ဖြစ်ပြီးစုရပ်(၄)အဖြစ် (၁၀)တောင်ရပ်ကွက်ရှိ (၁၀၈)တောင်ဘုရားဝင်းဓမ္မာရုံ၌(၈)ရပ်ကွက်၊(၉)ရပ်ကွက်၊(၁၀)တောင်ရပ်ကွက်၊(၁၀)မြောက်ရပ်ကွက်များရှိပြည်သူများအားဆေးထိုးနှံပေးမည်ဖြစ်ကြောင်းသိရှိရသည်။
သာကေတ(ပြန်/ဆက်)