ကျောက်တော် ဩဂုတ် ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေးခြင်းကို မြို့သစ်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးနားနေဆောင်တွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ်(Sinopharm)ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး အမျိုးအစားကို မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ်ထိုးနှံပေးရာ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွန်းဦး ဦးဆောင် သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများကို ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေး ခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးရာတွင် ကျောက်တော်မြို့နယ်အတွက် (Sinopharm)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ (၃၃၀၀)လုံးအား စတင်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် ယမန်နေ့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း(၂၈)ဦးအား (Sinopharm)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး ကျောက်တော်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးသော Voiunteer များနှင့်ပို့ဆောင်ရေးဆောင်ရွက်ပေးနေသူ စုစုပေါင်း(၆၆၀၀)ဦးအား ဇူလိုင်(၃၁)ရက် နေ့မှ ဩဂုတ် လ ၄ ရက်နေ့အထိ ၅ ရက်ကြာ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)