ဝေါ ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ်(COVID-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် မြို့နယ်ပညာရေးမိသားစုမှ အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အလှူရှင်များက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောင်ဆီဂျင်စက်တည်ဆောက်နိုင်ရေးအတွက် ဝေါမြို့နယ်ပညာရေးမှူး ဦးကြည်စိုးက ပညာရေး ဝန်ထမ်းမိသားစုမှစုပေါင်းလှူဒါန်းသော အလှူငွေ စုစုပေါင်း (၁၄)သိန်း နှစ်သောင်း ငါးထောင်ကျပ်တိတိ ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်သည် ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ်၏ လိုအပ်ချက်အရ တစ်ရက်လျှင် 40 Liter အိုး (၈၀)/(၁၀၀)ခန့် ထွက်ရှိသည့် အောက်စီဂျင်စက် တစ်လုံး တည်ဆောက်ပါက လုံလောက်မှုရှိပြီး ငွေကျပ် သိန်း(၈၀၀)နှင့် (၁၀၀၀)ကြား ကုန်ကျမည်ဖြစ် ကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန်ဆက်)