မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)စတင်ထိုးနှံ

မြို့သစ်         သြဂုတ်လ     ၁

မကွေးတိုင်းဒေသကြီး  ၊  မကွေးခရိုင် ၊  မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၉  နာရီမှစတင်၍  မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန  အစည်းအဝေးခန်းမနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း  ရတနာခန်းမ တို့၌ကိုဗစ်-၁၉ရော ဂါကာကွယ်ရေး လမ်းညွှန်ချက် များ နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင်  အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများအား  တရုတ်ပြည် သူ့သမ္မတနိုင်ငံမှ  ထုတ်လုပ်သော  Sinopharm (CHINA) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေး တစ်လုံးကို လူနှစ်ယောက် နှုန်းထိုးနှံပေးနိုင်ကာ မြို့သစ်မြို့နယ်အတွက် Sinopharm  ကာကွယ်ဆေး (၁၆၀၀)ရရှိကာ လူဦးရေ(၃၂၀၀)အား ဦးစားပေးအစီအစဉ်အလိုက် သြဂုတ်လ (၁)ရက်နေ့မှစတင်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ကိုဇော်(မြို့သစ်)