သတင်းများ

ညောင်လေးပင်မြို့ နယ်အတွင်းရှိပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 02,2021
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ညောင်လေးပင် မြို့နယ်တွင် ဒေသခံပြည်သူများအား နေ့စဉ် ၉ နာရီမှစတင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က အထကခွဲကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒမှ ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ၄၀လီတာ အောက်ဆီဂျင်အိုး (၂၀)လုံး လှူဒါန်း
Aug 02,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် 40လီတာအိုး (၂၀)လုံးကို မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာကော်ဝိဒမှ ယမန်နေ့ကပေးပို့လှူဒါန်းခဲ့ကြောင်းသိရသည်။
ပုလောမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် မြေနေရာကြည့်ရှု
Aug 02,2021
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ရန်အတွက် ယမန်နေ့ ညနေ ၂ နာရီက မြေနေရာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက်အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အသက်(၆၅)နှစ် အထက်သက်ကြီးရွယ်အိုများအား ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။  
မြို့သစ်မြို့၊ စေတီကျေးရွာအနီးရှိ ပတ်ချောင်းတံတား‌ပြုပြင်ပြီးစီး၍ ကားများ ဖြတ်သန်း သွားလာနိုင်ပြီဖြစ် 
Aug 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ စေတီကျေးရွာအနီးရှိ ပတ်ချောင်းတံတားသည် ပြုပြင်ပြီးစီးသွားပြီဖြစ်၍ ခရီးသည်တင်မော်တော်ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။ 
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လုံထန်ကျေးရွာအုပ်စု နှင့် ထင်ပါကျိုင်းကျေးရွာ အုပ်စုများသို့ ကိုဗစ်−၁၉  ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 02,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် ၁−၈−၂၀၂၁ ရက်နေ့ နေ့လယ် (၁၁) နာရီ အချိန်တွင် လောက်ကိုင်မြို့နယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ လောက်ကိုင် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဒေါ်ချောချောအေး၊ ကုန်းကြမ်းမြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဦးမောင်မောင်လိုက်ပါ၍  လုံထန်ကျေးရွာ အုပ်စု၊ အခြေခံပညာမူလတန်းကျောင်းသို့  ရောက်ရှိပြီးလုံထန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံကာ ကျေးရွာနေပြည်သူများအား ကိုဗစ် − ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီနေထိုင်သွားရန်၊ ဒေသအတွင်းပြည်သူများ  အခက် အခဲရှိပါက  သတင်းပေးရန်ပြောကြားပါသည်။ 
လဲချားမြို့နယ်တွင် သံဃာတော်များနှင့်အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင်သံဃာတော်များနှင့်အသက်(၆၅)နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ (၉)နာရီအချိန် က ဆေးထိုးစုရပ်(၂)နေရာတွင် ထိုးနှံပေးခဲ့သည်။
ဟိုပန်၌ အသက်(၆၅)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 02,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံခဲ့ပြီး ယမန်နေ့တွင် ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ နံနက် ၉ နာရီ အချိန်က ထိုးနှံပေးခဲ့ပါသည်။