နောင်တရားမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၆၈ ဦးရှိ

နောင်တရား   ဩဂုတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ..က ကျောင်း၌ နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စုများမှ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ဝန်ထမ်းကို ဩဂုတ်လ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ကိုဗစ်ကာကွယ်ဆေးဆက်လျက်ထိုးနှံပေးသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေး အစီအလိုက်ထိုးနှံပေးလျက်ရှိပြီး နောင်တရားမြို့အနီးတဝိုက်ရှိ ကျေးရွာအုပ်စုအတွင်းမှ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ဝန်ထမ်းများကို ထိုးနှံပေးလျက်ရှိပြီး ဇူလိုင်၃၁ ရက်နှင့် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၃၆၈)ဦး ရှိပြီးဖြစ်သည်။ နောင်တရားမြို့ပေါ်သုံးရပ်ကွက်နှင့် နန်းပုလင်းကျေးရွာအုပ်စု၊ နောင်ပီကျေးရွာအုပ်စု၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ ပေါ့ယားကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုအတွင်းရှိ ဆေးအလုံး(၅၀၀)ဖြင့် လူဦးရေ(၁၀၀၀)ဦးကို ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)