ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ကွမ်းခြံကုန်း  ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့လယ် ()နာရီက စတင်ပြီး  ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ ဆေးရုံတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကိုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာမြတ်သူဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးမြတ်သူထိုက်နှင့် တပ်ဖွဲ့ဝင်များ နှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး ထိုးနှံပေးကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက်မိဘပြည်သူများ၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ ကာကွယ်ဆေးမထိုးရသေးသော   နိုင်ငံဝန်ထမ်းများ၊ ရဟန်းသံဃာများ၊  သီလရှင်များ၊   ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ အကျဉ်းထောင်များရှိ အကျဉ်းသား၊ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ နှင့် Super Market ဈေးများမှ ဝန်ထမ်းများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Vaccine (Vero Cell), lnactivated ကိုဗစ်   - ၁၉ ရောဂါ ကာကွယ်ဆေးအမျိုးအစားကို မြို့နယ်ပြည်သူ့  ကျန်းမာရေးဦးစီးဌာန၊   မြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သူဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို      ကျန်းမာရေးဝန်ထမ်းများက    လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာခြင်း၊   သွေးပေါင်းချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများ အား စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဆက်လက်၍ (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးရာတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးရာ ကွမ်းခြံကုန်းမြို့နယ်တွင် ယမန်နေ့မှစတင်၍ ထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေးရရှိမှုပေါ် မူတည်၍ ကျန်ရှိသော ဦးစာပေးအုပ်စုအလိုက်     ကာကွယ်ဆေးကို    ဆက်လက်ထိုးနှံပေးမည်ဖြစ် ကြောင်းသိရသည်။