ကာလိ သြဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် နမ့်ခုံးရှမ်းများပရဟိတခန်းမ၌ ကျန်းမာရေးဝန်ထမ်းများတို့က ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်ခြင်း နှင့် ရောဂါအခံရှိ/မရှိ စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွဘ်ဆေးထိုးနှံပေးခဲ့ကြသည်။ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများသည် စုစုပေါင်း (၁၆၂)ဦး ရှိကြောင်း သိရသည်။