မြောက်ဦးမြို့နယ်၌ COVID-19  ရောဂါကာကွယ်ဆေး (Sinopharm)  စတင်ထိုးနှံပေး

မြောက်ဦး   ဩဂုတ်  ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ယမန်နေ့ ‌နံနက် ၁၁ နာရီအချိန်က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ၊ ဈေးရောင်းချသူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ်(Sinopharm)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံဟောင်းတွင် စုရပ်အဖြစ်ထိုးနှံပေးရာ  ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးလာရောက်ထိုးနှံကြသည့် ရဟန်း ရှင်လူပြည်သူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သောကျန်းမာရေးစောင့် ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး သူများကို မိနစ် ၃၀ ခန့်အနားယူစေ ခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြောက်ဦးမြို့၌ တရုတ်နိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးစတင်ထိုးနှံပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးရာ၌ မြောက်ဦးမြို့နယ်အတွက် (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ (၃၂၇၀)လုံးအား  စတင်ထိုးနှံပေးလျှက်ရှိရာ ကာကွယ်ဆေးထိုးနှံ ခြင်းအဖြစ် ယနေ့ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၄)အား (Sinopharm)ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးစတင်ထိုးနှံ ပေးခဲ့ပြီး မြောက်ဦးမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာ များ၊ သီလရှင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးနေသော Voiunteer များနှင့်ပို့ဆောင်ရေးဆောင်ရွက်ပေးနေသူများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)