သာကေတ ဩဂုတ် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုး၊ ဘွားများအား ယနေ့နေ့လယ် (၁၀) နာရီတွင် ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံခဲ့သည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာ၌ ၃/မာန်ပြေရပ်ကွက် အ-ထ-က(၃) အခြေခံပညာ အထက်တန်းကျောင်း၊ (၇)အနောက်ရပ်ကွက်၊ အထက(၂) အခြေခံပညာအထက်တန်းကျောင်း ၁/ထူပါရုံရပ်ကွက်၊ အထက(၁) အခြေခံပညာအထက်တန်းကျောင်း၊ (၁၀)တောင်ရပ်ကွက် (၁၀၈)တောင်ဘုရားဝင်း ဓမ္မာရုံစသည့် စုရပ်(၄)နေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ပရဟိတလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း၍ (၁၉) ရပ်ကွက်ရှိ ပြည်သူများအား သက်ဆိုင်ရာစုရပ်များ၌ စုရပ်တစ်နေရာလျှင် လူဦးရေ (၁၀၀)နှုန်းဖြင့် စုရပ်(၄)နေရာ၌ လူဦးရေ(၄၀၀)ဦးအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။