ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံ

ရေစကြို        ဩဂုတ် ၂

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များအား ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ဩဂုတ်လ ၁ ရက်၊ ညနေ ၄နာရီအချိန်က မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး သည်။

  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပထမအကြိမ်ကာကွယ် ဆေးထိုးရန်ကျန်ရှိသည့် ရေစကြိုမြို့ နယ်အတွင်းရှိ ရပ်ကွက်(၁)၊(၂)၊(၃)၊(၄)မှ အသက် (၆၅)နှစ်နှင့် အထက် ပြည်သူ (၄၇)ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ (၅)ဦး၊ လူမှုကူညီရေးအသင်းအဖွဲ့မှ (၁၀)ဦးစုစုပေါင်း (၆၂)ဦးလာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင် ဗိုလ်မှူးညီညီအောင်၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး ရဲမှူးတင်လတ်နှင့် မြို့မိ မြို့ဖများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့်ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နော်နော် (ချင်းတွင်းသား)