တံတားမြို့တွင် ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုး 

တံတား ဩဂုတ် ၂ 

ရန်ကုန်တိုင်းဒေသကြီး၊ တံတားမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့ပေါ်ရပ်ကွက်နေ ဒေသခံပြည်သူ(၅၀)ဦးကို ပထမကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ 

ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinopharm ဆေးအမျိုးအစားဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၄)ခုရှိ အသက် (၆၅)နှစ်အထက်လူကြီးများနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေကြ သည့် ဒေသခံပြည်သူ အယောက် (၅၀)ကို  တံတားမြို့ကိုဗစ်- ၁၉ရောဂါကာကွယ ်ထိန်းချုပ်ကုသရေးကော်မတီ၏ စီစဉ်ဆောင် ရွက်မှုဖြင့် စတင်ထိုးနှံပေးခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 “တံတားမြို့ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ အနေဖြင့် လက်ရှိမြို့ ပေါ်ရပ် ကွက်များရှိ ဒေသခံပြည်သူ (၅၀)ဦးကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ မနက်ဖြန် ဩဂုတ်လ ၂ ရက်နေ့တွင်လည်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများရှိ ဒေသခံပြည်သူ (၈၀)ဦးကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထား ကြောင်းနှင့် နောက်နေ့တွေမှာလည်း ကာကွယ်ဆေးများ ဆက်လက် ထိုးနှံနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း” မြို့အုပ်ချုပ်ရေးမှူး ဦးမင်းထွန်း၏ ပြောကြားချက်အား ကြားသိရပါသည်။ 

“ကာကွယ်ဆေးတွေ များများထိုးပြီးသွားမှ ခုလက်ရှိကြုံတွေ့နေရတဲ့ ကျန်းမာရေး ပြဿနာ တွေ ကိုဖြေရှင်းနိုင် မှာပါ  ဒီနေ့ကျွန်မတို့ဆေးထိုးပြီး တဲ့လူတွေအားလုံး ဩဂုတ်လ ၂၉ ရက် နေ့မှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ကြောင်း” ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးသည့် ဆရာမတစ်ဦး၏ ပြောကြား ချက်အား ကြား သိခဲ့ရပါသည်။ 

တံတားမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

တံတား (ပြန်/ဆက်)