ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

 

ဒဂုံအရှေ့  သြဂုတ် ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဒေသန္တကျန်းမာရေးဌာန တွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အသက်(၆၅)နှစ်အထက်သက်ကြီး ဘိုးဘွား(၁၆၇)ဦး အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီမှ ညနေ(၄)နာရီအချိန်ထိ ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည်  တရုတ်နိုင်ငံထုတ်( Sinopharm ) ကာကွယ်ဆေး ဖြစ်ပြီး မြို့နယ်အတွက် ဆေးအလုံးရေ(၈၀၀) ရရှိခဲ့ပြီး လူဦးရေစုစုပေါင်း (၁၆၀၀) ဦးကို ထိုးနှံပေးသွားမည် ဖြစ်ပြီး သြဂုတ်လ (၂) ရက်နေ့မှ (၁၀) ရက်နေ့ထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ အထက(၅)၊ အလက(၅)၊ အမက(၆)တို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း၊ နောက်ထပ်ရရှိမည့် ကာကွယ်ဆေးများကိုလည်း သက်ဆိုင်ရာအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်း ထံမှသိရသည်။

 

ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းဆောင်ရွက်ရာတွင် ဆေးထိုးမည့်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား ကာကွယ်ဆေး နှင့် ဓာတ်တည့်မှုရှိ/မရှိ သတ်မှတ်နေရာများတွင် နာရီဝက်ခန့်စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)