သတင်းများ

ခမောက်ကြီးမြို့တွင် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Aug 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက်(၆၅)နှစ် အထက်ပြည့်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သာသနာ့ဝန်ထမ်းများဖြစ်သည့် ရဟန်းသံဃာတော်များ၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဝန်ထမ်းများအား ယနေ့နံနက် (၉)နာရီက အထက(ခမောက်ကြီး)ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းကို ခမောက်ကြီးမြို့၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အထက(ခမောက်ကြီး)တွင် ကျန်းမာရေးဝန်ထမ်းများ၊ ခမောက်ကြီးတပ်နယ်မှ ဆေးတပ်ဖွဲ့ဝင်များ၊ Volunteer များက ဆေးထိုးနှံမည့်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်
မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာ၌ ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာချင်းဆက် ကွန်ကရစ်တံတား ကမ်းကပ်ခုံ ပြိုကျပျက်စီး
Aug 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကောင်းချောင်း ရေတိုက်စားမှုကြောင့်  လောင်းကောင်း-ညောင်သပြေ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား ကမ်းကပ်ခုံ ကျိုးကျနိမ့်ဆင်းမှု ဖြစ်ပွားခဲ့သည်။
ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိ
Aug 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်တွင်စုရပ်(၃)ခုဖြစ်သော အ-လ-က (၁) (ဂ) ရပ်ကွက်၊ အ.ထ.က ကလိန်အောင်၊ အ.ထ.က-ကံ‌​ပေါက်ကျောင်းခန်းမတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ယမန်​​နေ့ နံနက်ပိုင်းမှစ၍ ပထမ အကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မှ စတင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျေးရွာများမှ ဘိုးဘွားများကို ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကသာမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဩဂုတ်လ(၂)ရက်နေ့ နံနက်(၈) နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်တွင် စေတနာရှင် ပြည်သူများမှ  ၄၀ လီတာ အောက်ဆီဂျင်အိုး ၂၀ လုံး လှူဒါန်း 
Aug 02,2021
ပုလောမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ရာတွင် အထောက်အကူပြုနိုင်ရန် အတွက် အောက်ဆီဂျင်အိုးများကို ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများ စုပေါင်း၍ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 
ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် နွမ်းပါးသူများအား ဆန်နှင့်ကြက်ဥများလှူဒါန်း
Aug 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် နွမ်းပါးသူများကို ဆန်(၁)ပြည်၊ ကြက်ဥ(၃)လုံးတို့ကို ဝန်လိုရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ 
ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အပါအဝင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း 
Aug 02,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့က ကိုဗစ်-၁၉ ကာလအတွင်း သဲကုန်း​မြို့နယ်အတွင်းရှိ ပရဟိတကျောင်းများ၊ စာသင်တိုက်များ၊ တရားဓမ္မရိပ်သာ ကျောင်းများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်အပါအဝင်လှူဖွယ်ပစ္စည်းများအား သွားရောက်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။