မလှိုင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Aug 02,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်ပြတ် လပ်မှု မရှိစေရန် မြို့မမြို့ဖများ၏ ဦးဆောင်မှုဖြင့် အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီအချိန်က စက်ရုံတည်ဆောက်မည့် မိတ္ထီလာ-မြင်းခြံကားလမ်း အရှေ့ဖက် လယ်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၈ဝ /၂ဝ၆၇ )၊ ဦးပိုင်အမှတ်( ၃၁/၁) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။