မင်းပြား ဩဂုတ် ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးခြင်းကို မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
မင်းပြားမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစားကို မြို့နယ်ပြည်သူ့ဆေးရုံ၊ ပန်းမြောင်း ကျေးလက်ကျန်းမာရေးဌာန၊ ပြားချောင်းကျေးလက်ကျန်းမာရေးဌာနနှင့် မင်းရွာကျေးလက်ကျန်းမာရေးဌာနစသော နေရာများတွင် စုရပ်အဖြစ် စတင်ထိုးနှံပေးရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများကို ကျန်းမာရေးဝန်ထမ်းများက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများစီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင် ရွက်ပေးလျှက်ရှိသည်။
ဆက်လက်၍ မင်းပြားမြို့နယ်၌ တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးရာ၌ မင်းပြားမြို့နယ်အတွက် ကာကွယ်ဆေးအလုံးရေ (၂၈၉၀)လုံးအား ယမန်နေ့၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ Volunteer များနှင့် ပို့ဆောင်ရေးဆောင်ရွက်ပေးနေသူ စုစုပေါင်း(၅၇၈၀)ဦးအား (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာများတွင် ဩဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ (၇)ရက်ကြာ အချိန် နှင့်တစ်ပြေးညီဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း