တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

 

တောင်ဥက္ကလာပ   ဩဂုတ် 

 

ရန်ကုန်တိုင်း‌ဒေသကြီး၊အရှေ့ပိုင်းခရိုင် ၊တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၌ အသက်(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများကို ယမန်နေ့ နေ့လည်(၁၁:၀၀)နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

 ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးရာတွင်ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ဆေးဖြစ်သည့် တရုတ်နိုင်ငံ ထုတ် Sinopham အမျိုးအစား Covid_19 Vaccine များကို မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဒေါက်တာ အေးအေးမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၆၅)နှစ် အထက်အဘိုး/ အဘွား စုစုပေါင်း(၁၀၀) ဦး ကို ကာကွယ်ဆေး ထိုးပေးခဲ့ပြီး ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင အဖွဲ့၀င်များ လာရောက် အားပေး ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ‌ ပေါင်းစပ်‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

 

 တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် အသက်(၆၅)နှစ်နဲ့အထက်အဘိုး/အဘွားများကို သြဂုတ်(၁) ရက်နေ့မှစတင်၍ အမှတ်(၁၀)ရပ်ကွက်ရှိအ.မ.က(၁၁)၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁) ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိလူထုဓမ္မာရုံတို့တွင်စုရပ်(၄) နေရာခွဲ၍ ကိုဗစ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)