ဒေါပုံမြို့နယ်တွင် အသက်၆၅နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ဒေါပုံ ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြိုနယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်မှ စတင်၍ အသက် ၆၅နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ..က()ကျောင်းနှင့် ..က() ကျောင်းတို့ တွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။

ဒေါပုံမြို့နယ်အတွက် ရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အလုံး ၄၀၀၊ လူဦးရေ (၈၀၀)အား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယမန်နေ့တွင် ထိုးနှံသူများအား ၃၀..၂၀၂၁ ရက်နေ့တွင် ဒုတိယအကြိမ်ထိုးနှံရမည်ဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် လာရောက်ထိုးနှံကြသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  နည်းလမ်းများနှင့်အညီ လာရောက်ထိုးနှံစေပြီး   ကျန်းမာရေး၀န်ထမ်းများမှ အပူချိန် တိုင်းပေးခြင်း၊ Oxygen တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။  ကာကွယ်ဆေးထိုးပြီးပါကလဲ ဘေးထွက်ဆိုးကျိုးရှိ/မရှိ မိနစ် ၃၀ ကြာ   အနားယူစေကာ   စောင့်ကြည့်ပေးခြင်းများကို     ကျန်းမာရေး၀န်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိသည်။ အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေး ၀န်ထမ်းများနှင့် အတူပူးပေါင်းဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါဆေးထိုးနှံပေးမှုအား ..က()၊ အ..က(၄) ကျောင်းတို့တွင် စုရပ်နှစ်နေရာခွဲ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ဘိုး/ဘွားများကို ပထမဦးစားပေးထိုးပေးခြင်းဖြစ်ပြီး အခြားအစုအဖွဲ့များကို လည်း အစီအစဉ်အတိုင်းကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ သိရှိရသည်။