ကော့မှူးတွင် ပရဟိတအဖွဲ့ဝင် (၆၇)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကော့မှူး ဩဂုတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ‌ပရဟိတအသင်း()သင်းမှ အဖွဲ့ဝင် (၆၇)ဦးအား ယမန်နေ့ ညနေ ၄နာရီက မြို့သစ်ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် Sinoparm ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်တာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ရီရီသန်းက အဆိုပါဆေးသည် တရုတ်နိုင်ငံထုတ် Sinoparm သည် နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်သည်များပါ ထိုးနှံလိုရကြောင်း၊ ဘေးထွက်ဆိုးကျိုး နည်းပါးကြောင်း၊ ဆေးထိုးခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကိုလည်း နည်းပါးမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် နိုင်ငံစီးပွားရေး ထိခိုက်မှုများလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားချက်အား ကြားသိခဲ့ ရပါသည်။

ကော့မှူးမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်()ရက်နေ့မှစတင်၍ (၁၁)ရက်နေ့အထိ ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံ၊ ဝါးဘလောက်သောက် ကျေးရွာတိုက်နယ်ဆေးရုံ၊ ကျိုက်ထော်‌ကျေးရွာ တိုက်နယ်ဆေးရုံများတွင် နံက်၈နာရီ၃၀မှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ