ကျောက်တံခါး သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများနှင့် ပြည်သူများအား ယနေ့နံနက် (၈)နာရီအချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေး လျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းစန်း