ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များ စစ်ဆေးဆောင်ရွက်

ဖျာပုံ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေးကြီးရှေ့၊ မြောက်ပိုင်းစျေးနှင့် ရွှေစင်ကုန်စုံဆိုင်ရှေ့တို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များ စနစ်တကျ တပ်ဆင်လာခြင်း မရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့် သြဂုတ်လ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့အတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များ တပ်ဆင်သွားလာခြင်း မရှိသူများအား ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပါင်းအဖွဲ့သည် လူစည်ကားရာ နေရာများဖြစ်ကြသော မြို့မစျေးကြီးရှေ့၊ မြောက်ပိုင်းစျေးနှင့် ရွှေစင်ကုန်စုံဆိုင်ရှေ့တို့တွင် မြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များ တပ်ဆင်သွားလာခြင်း မရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့် Mask တစ်ခုတပ် တစ်ခုပိုပေးပြီး ဒဏ်ငွေ(၅၀၀)ကျပ်ဖြင့် လှည့်လည်စိစစ်ဆေးခြင်းတို့ဖြင့် ပြုလုပ်ဆောင်ရွက် ကြပြီး မြို့နယ်အတွင်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး လှည့်လည် စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။