မယ်စဲ့မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ပြင်ဆင်ထားရှိ

မယ်စဲ့    ဩဂုတ်   ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် သဘာဝဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆုံကြုံတွေ့ရပါက ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားမှုသည် မြို့နယ်အတွင်း ဘေးဒဏ်ခံနိုင်ရည်စွမ်းတည်ဆောက်ရာတွင် အကူအညီဖြစ်စေရန်နှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေရန် ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင်အားစုဖွဲ့ထားရှိခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်ထားရှိလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဖြိုးမြတ်သူထံမှ သိရသည်။

မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းစေရန် မီးသတ်ဦးစီးဌာနမှ ကြိုတင်စီမံဆောင်ရွက်ထားပြီး၊ သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်သည့်အခါ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ထိရောက်စွာ တုံ့ပြန်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသမှ ဘေးသင့်ပြည်သူများ ကောင်းမွန်သော လူနေမှုဘဝ ရရှိစေရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် သနေ္ဓမီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦးဖြင့် ရှာ‌ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ စုဖွဲ့ထားရှိခြင်းနှင့် ပစ္စည်းများကိုလည်း အရန်သင့် အသုံးပြုနိုင်ရေးအတွက် စုစည်းထားရှိလျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)