မြို့သစ် သြဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့နယ် ဓမ္မရံသီကျောင်းတိုက် အဓိပတိနာယကချုပ် ဆရာတော်ဦးသုနန္ဒမှ ငွေကျပ်သိန်း( ၅၀ )လှူဒါန်းပေးအပ်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က ပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲ အခမ်းအနားတွင် မြိုနယ်စီမံကောင်စီအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ ပရဟိတအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံမြို့နယ် ဓမ္မရံသီအဓိပတိ အတိနာယကချုပ်ဆရာတော် ဦးသုနန္ဒ၏ ဆွေမျိုးသားချင်းများဖြစ်သော ထောက်ရှာတန်းကျေးရွာနေ ကိုသန်းဝင်းထွန်း ဆွေမျိုးများက ငွေကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံကောင်စီအဖွဲ့ ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က လက်ခံရယူခဲ့သည်။
အခမ်းအနားတွင်မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ဉီးပညာဇောတ၊ မြို့နယ်စီမံကောင်စီအဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့တာဝန်ရှိသူများက မြို့နယ်ကိုယ်စား ကျေးဇူးတင်စကားများ ပြောကြားပြီး ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇော်