ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကျိုင်းတုံ ဩဂုတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ကိုဗစ်-၁၉ တတိယလှိုင်း ကာလအတွင်း ရုံးဝန်ထမ်းများ ခက်ခဲမှုမရှိစေရေး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာ လိုက်နာ၍ လုပ်ငန်းများဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး ဝန်ထမ်း တစ်ဦးလျှင် ကြက်သွန်နီ(၁)ပိဿာ၊ ကြက်ဥ ( ၁၀ )လုံး၊ ခေါက်ဆွဲထုပ်( ၁၀ )ထုပ်၊ ဆီ (၁)ဗူး နှုန်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) များကို ဝန်ထမ်း ၃၆ ဦးအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ယဉ်လှိုင်ဝင်း တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)