မိုင်းယန်းမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မိုင်းယန်း ဩဂုတ် ၁၅

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းကျဆင်းစေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၉ နာရီခန့်က ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနိုးဆော်ရာတွင် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာ ခပ်ခွာခွာနေပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း(Quarantine)လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်း ပါဝင်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးနှိုးဆော်ခြင်းကို ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရန်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ဝန်ထမ်းများ၊ လူမူဝန်ထမ်းဦးစီးဌာနမှူး  ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများအတွက် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး(ပြန်/ဆက်)