ပင်လောင်းမြို့နယ် ဆေးရုံသို့ အောက်ဆီဂျင်စက်နှင့်အောက်ဆီဂျင် ၄၀လီတာအိုး နှစ်လုံးလှူဒါန်း

ပင်လောင်း   သြဂုတ်  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါလူနာများအတွက် အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင် ၄၀ လီတာအိုး နှစ်လုံးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ ဆေးရုံသို့လာရောက်လှူဒါန်းခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်းမြို့နယ် ဆေးရုံနှင့်တိုက်နယ်  ဆေးရုံ လေး ရုံတို့တွင် သြဂုတ် ၁၄ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၆၃၂ ဦး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၄၀၃ ဦး၊ သေဆုံး လူနာ ၈ ဦး၊ ဆေးရုံတက်ရောက်ကုသဆဲလူနာ ၂၂၁ ဦးရှိ ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်ဆေးရုံတွင်တက်ရောက်ကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉လူနာများ အောက်ဆီဂျင်ရှုရန်လိုအပ်သည့်အချိန်များတွင် အဆင်ပြေစေရန်အတွက် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပီအန်အို (PNO) အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ မှ ဦးစောကြည်သန်းနှင့် ဒေါက်တာသိန်းဟန်ကြည်တို့ ပူးပေါင်း၍ Oxygen Concentrator 10 Lစက်တစ်လုံး၊40 L Oxygen Cylinder ၂လုံး၊Pulse Oxymeter ၁ ခုတို့ကိုလာ ရောက်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အတွင်းရေးမှူး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးတို့က လက်ခံခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)