နမ့်စန်(တ) ဩဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့ အမှတ်(၈) တပ်မတော်ဆေးရုံ တွင် ဆေးကုသမှုခံယူ လျှက်ရှိသော လူနာများနှင့် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူနေသော အရာရှိ၊စစ်သည် မိသားစုများ အတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က ထောက်ပံ့လှူဒါန်းသော ကြက်ဥ၊ငှက်ပျောသီး နှင့် နွားနို့များကို ယနေ့နံနက် ၁၁ နာရီတွင် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထူးမြတ်တိုးက အဆိုပါ ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး တပ်မတော်ဆေးရုံမှတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသောလူနာများ ၊ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများ နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် က ထောက်ပံ့လှူဒါန်းသောအဟာရဖြည့်အစားအစာ ကြက်ဥ အလုံး ၉၅၀ ၊ ငှက်ပျောသီး ၉၅၀ လုံးနှင့် နွားနို့ ၁၉၀ ဘူးတို့ကို နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထူးမြတ်တိုး နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး တို့က နေ့လယ် ၁၂ နာရီတွင် ပြည်သူ့ဆေးရုံသို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်