သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလတွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေး တို့အတွက် ရည်ရွယ်၍ မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၉နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်၊ စားသောက်ကုန် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးနှင့် ဌာနဆိုင်ရာများမှ အဖွဲ့ဝင်များက ရပ်ကွက် (၃၈)ရပ်ကွက်ရှိ ဆေးဆိုင်၊ စျေးဆိုင်၊ စားသောက်ကုန်အရောင်းဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး အဆိုပါ ဆိုင်များရှိ တာဝန်ရှိသူများအား ကူးစက်ရောဂါ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)