ကော့ကရိတ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံရသူများအား နေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှု၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး၊ စားသောက်ရေးနှင့်ကျန်းမာရေး ကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနေကြသည့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်း

ကော့ကရိတ် သြဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံ စားနေရသူများအား နေထိုင်ရေး၊ အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေး၊ စားသောက်ရေး၊ ကျန်းမာ ရေးကိစ္စရပ်များနှင့် အခြားလိုအပ်သော ပံပိုးမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူနှင့် လူမှုရေးအသင်းအဖွဲ့များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံမေးမြန်းထားရှိမှုကို ရေးသားလိုက်ရပါသည်။

ဦးကျော်ကျော်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး မေး။ ကော့ကရိတ်မြို့နယ်၌ ကိုဗစ် - ၁၉ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားချိန်မှ ရောဂါဖြစ်ပွားသူ၊ သက်သာပျောက် ကင်းသူ၊ ဆေးရုံဆင်းခွင့်ရရှိသူနှင့် ဆေးကုသမှုခံယူနေတဲ့ လူဦးရေစာရင်းကို သိပါရစေရှင် ဖြေ။ ကျွန်တော်တို့ ကော့ကရိတ်မြို့နယ်အတွင်းမှာ ကိုဗစ် - ၁၉ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွား တဲ့အချိန်ကစပြီး ယမန်နေ့အထိ လူနာပေါင်း ၅၄၄ဦး ရှိပြီး၊ ဆေးကုသမှုခံယူပြီးမှ သက်သာပျောက် ကင်းပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၄၂၈ ဦး၊ ဆေးကုသမှုခံယူဆဲ ၇၈ ဦး ရှိပါတယ်။ မေး။ ပိုးတွေ့လူနာများကို ပြည်သူ့ဆေးရုံများအပြင် အခြားကုသမှုစင်တာတွေမှာ ထားရှိနေမှုနှင့် ကုသနေမှုအခြေ အနေများကိုလည်း သိချင်ပါတယ်ရှင်? ဖြေ။ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံနှင့် ကျုံဒိုးမြို့ပြည်သူ့ဆေးရုံတို့တွင် ကုသမှုပေးနေသည့် ပိုးတွေ့လူနာများအပြင် ဆေးရုံမှာမဆံ့တော့တဲ့ ပိုးတွေ့လူနာတွေကို သီးသန့်ကုသရေးစင်တာ ဖွင့်လှစ်ပြီးတော့ ဆောင်ရွက် ပေးထားတာက မွေး/ကုစခန်း၊ ဆောက်လုပ်ရေးစခန်း၊ ကျုံဒိုးမြို့ အေးစေတီဓမ္မာရုံဆိုပြီးတော့ သုံးခုရှိပါတယ်။အဆိုပါ နေရာများတွင် လူနာများထားရှိနိုင် ရေးအ တွက်လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုကိုတော့ မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ Volunteerများနှင့် ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။ ဒါ့အပြင် ရေရရှိရေး၊ မီးရရှိရေး၊ ကုတင်ရရှိရေး၊ ပိုးတွေ့လူနာတွေ နေထိုင်ဖို့ အဆင်ပြေ အောင် အစစအရာရာ စီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။ မေး။ လူနာတွေအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုကိုလဲ သိချင်ပါတယ်ရှင်? ဖြေ။ အောက်ဆီဂျင်ရရှိရေးနှင့် ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ချိတ်ဆက်ဆောင် ရွက်ပေးမှုနဲ့ ကျွန်တော်တို့က မြဝတီမြို့ ကုန်သွယ်ရေးဇုန်မှာ သွားရောက် ဖြည့်သွင်းပြီး ကော့ကရိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် အောက်ဆီဂျင်ရရှိအောင် ဆောင်ရွက်ပေးနေတာရှိပါတယ်။ ဒါ့အပြင် မြို့နယ်မှာရှိတဲ့ ပုလဲဖြူလူမှုကယ်ဆယ် ရေးအသင်းနှင့် ဂရုဏာဖောင်ဒေးရှင်းအသင်းတို့မှလည်း မိမိနည်း မိမိဟန်တို့ဖြင့် ဖြည့်သွင်းပြီးတော့ ကူညီ ပံ့ပိုးပြီး လှူဒါန်းပေးတာ ရှိပါတယ်။ အဲ့လိုပေါင်း စပ်ပြီးတော့ အောက်ဆီဂျင်လုံလောက်အောင်ဆောင်ရွက်ပေး တာ ရှိပါတယ်။ မေး။ ကော့ကရိတ်မြို့မှာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ခြင်း ရှိ / မရှိ နဲ့ လူနာတွေအတွက် ကျွေးမွေးရေး ဆောင်ရွက်မှုကိုလဲ သိချင်ပါတယ် ရှင်? ဖြေ။ အောက်ဆီဂျင်စက်ရုံနဲ့ ပတ်သက်ပြီးတော့လည်း မြို့မှာရှိတဲ့ မြို့မိမြို့ဖတွေနဲ့ သံဃာတော် တွေနဲ့ ပေါင်းစပ်ပြီးတော့ သူတို့ အလှူငွေကောက်ခံပြီး ဆောင်ရွက်ဖို့တော့ရှိပါ တယ်။မကြာမီကာလ အတွင်းမှာ မိုဘိုင်းစက်တစ် လုံးဝယ်ယူပြီး ထုတ်လုပ်နိုင်အောင် သူတို့က ဒီလကုန် သို့မဟုတ် စက်တင်ဘာ လဝက်လောက်မှာ ထုတ်လုပ်ဖို့အတွက် စီမံဆောင်ရွက်နေကြပါတယ်။ နောက်တစ်ခု က ကော့ကရိတ်မြို့အတွင်းမှာ ကိုဗစ် -၁၉ရောဂါ ပိုးတွေ့ လူနာစတွေ့ ကတည်းက ပိုးတွေ့ လူနာတွေအတွက် ကျွေးမွေးရေးကိစ္စတွေ၊ သူတို့တွေ အာဟာရနဲ့ ပတ်သက်လို့က အလှူရှင်တွေ ရှာဖွေပြီးတော့ရော ကျွန်တော်တို့ မြို့နယ်ကိုဗစ် -၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေနဲ့ ပေါင်းစပ်ပြီးတော့ ဂရုဏာဖောင်ဒေးရှင်အဖွဲ့ကနေပြီးတော့ နေ့စဥ် ချက်ပြုတ်ပြီး တော့ အာဟာရရှိတဲ့ အစားအစာတွေကို ကျွေးမွေးတာတွေလည်းရှိသလို လူနာတွေအားရှိ အောင်လို့ ကြက်ဥပြုတ်တွေကိုလည်း ယနေ့အထိဆောင် ရွက်ပေးတာလည်းရှိပါတယ်။ မေး။ ကိုဗစ်ကာကွယ်ဆေးဆက်လက်ထိုးနှံဆောင်ရွက်ပေးနေမှုနှင့် ထိုးနှံပေးနိုင်ခဲ့တဲ့ လူဦးရေစာရင်း ကိုလဲ သိချင်ပါတယ်ရှင်? ဖြေ။ ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုနှင့်အညီ ကျွန်တော်တို့က ကုသရေးအပြင်ကာကွယ် ရေးဆေးထိုးနှံခြင်း လုပ်ငန်းကို ဇူလိုင် ၃၁ရက်နေ့ကစပြီးတော့ သြဂုတ် ၈ရက်နေ့အထိ ၉ရက်တိတိ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၁၂၅)ဦး၊ ပရဟိတ / Volunteer အဖွဲ့ (၂၂၄) ဦး၊ သံဃာတော်၊ သီလရှင် (၃၆၆) ပါး၊ နိုင်ငံ့ဝန်ထမ်း (၇၄၄) ဦး၊ စျေးသည် ၆၀၀၀ ကျော် ထိုးပေးနိုင်ခဲ့ပြီး စုစု ပေါင်း(၈၉၉၈) ဦးအထိ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ထပ်မံ၍လည်းကာကွယ် ဆေးများရောက်ရှိလာပါက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေး၊ ကြက်ခြေနီ အသင်း၊ Volunteerအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ပြီးတော့ အကောင်းဆုံး အမြန်ဆုံး ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟုပြောကြား သည်။ ဦးလှဆွေ ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ မေး။ ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းအနေနဲ့ ကိုဗစ် - ၁၉ရောဂါကာကွယ်ရေးအတွက်အသိ ပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင်? ဖြေ။ ကျွန်တော်တို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းအနေနဲ့ အသိပညာပေးတာနဲ့ ပတ်သက်ပြီး တော့ ကော့ကရိတ် မြို့ပေါ်ရပ်ကွက်များမှာ အသိပညာပေး Mask Campaignကို မြို့နယ်အုပ် ချုပ်ရေးမှူးဆီမှာ ခွင့်ပြုချက်တောင်းပြီး တော့ (၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မေး။ ရောဂါဖြစ်ပွားနေတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာမှာရှိတဲ့ အနံပျောက်လူနာတွေကို ပုလဲဖြူလူမှုကယ်ဆယ်ရေး အသင်းအနေနဲ့ ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင်? ဖြေ။ ကိုဗစ်ကူးစက်မှု ဖြစ်ပွားနေတဲ့ကာလမှာ ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းအနေနဲ့တော့ မြို့ပေါ်ရပ်ကွက် နဲ့ ကျေးရွာတွေက အနံပျောက်တဲ့သူ၊ အသက်ရှုမဝတဲ့ သူတွေကို အိမ်တိုင်ရာ ရောက် သွားကြိုပြီးတော့ ခရိုင်ပြည်သူ့ဆေးရုံမှာရှိတဲ့ ကိုဗစ်စစ်တဲ့နေရာကို ပို့ပေးပါတယ်။ ပိုးတွေ့လူနာကို ကုသရေးစခန်းတွေ့မှာပို့ပေးပြီး၊ ပိုးမတွေ့တဲ့ လူနာတွေ ကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးပါတယ်။ဆေးရုံကနေပြီးတော့ လွှဲစာနဲ့ လူနာတွေကိုတော့ ကျွန်တော်တို့ အနေနဲ့ သက်ဆိုင်ရာ ဘားအံပြည်သူဆေးရုံ၊ မော်လမြိုင်ဆေးရုံတွေကို ပို့ပေးတယ်၊ တပ်တွေထဲက လည်း ပို့တွေ့လူနာ တွေ့ပြီဆိုလျင် တပ်ဆေးရုံမှ တစ်ဆင့် တောင်ကလေးဆေးရုံနဲ့ မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံကိုလည်း ပို့ပါတယ်။ မေး။ လူနာတွေအောက်ဆီဂျင်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုကို သိချင်ပါတယ်ရှင်? ဖြေ။ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီးတော့ ခရိုင်ပြည်သူ့ဆေးရုံမှာ အောက်ဆီဂျင်ပြတ် လပ်မှုမရှိစေ ရေးအတွက် ကျွန်တော်တို့ ပုလဲဖြူအနေနဲ့ မြဝတီမြို့မှာ အောက်ဆီဂျင် ရှာဖွေပြီးတော့မှပြည်သူ့ ဆေးရုံနဲ့ ရပ်ကွက်မှာ လိုအပ်နေ တဲ့ ပြည်သူတွေကိုလည်း ပေးပါတယ်ဟု ပြောသည်။ အရှင်ဝေပုလ္လ ဝါဆိုဦးဘုန်းတော်ကြီးကျောင်း မေး။ လိုရာဖြည့်ကူပန်းပျိုးသူအရှင် ဝေပုလ္လအနေဖြင့် အောက်ဆီဂျင်စက်ရုံပေါ်ပေါက်ရန် မည်သည့်အဖွဲ့အစည်းများ နှင့် ပူပေါင်းဆောင်ရွက်နေလဲ ဆိုတာသိချင်ပါတယ် အရှင်ဘုရား? မိန့်ကြား။ ဦးဇင်းတို့အနေနဲ့ ဒီလိုလုပ်ဆောင်ပေးရတာကလဲ ဦးဇင်းတို့ မြို့ပေါ်ပြည်သူလူထုအတွက် တစ်ဦးတစ် ယောက်အတွက်တော့ မဟုတ်ဘူး၊ ကော့ကရိတ်မြို့နယ်လုံးအတွက်ကို ဦးတည်ပြီးတော့ ဦးဇင်းရဲ့ ဒကာဒကာမတွေ စွမ်းနိုင်သမျှ မိန့်ကြားပြီးတော အတူတူ ကိုဗစ်ကာလမှာ တွဲလုပ်လို့ရတဲ့အလုပ်တွေကို တွဲပြီးတော့လုပ် လုပ်ဆောင်တယ်၊ ခွဲပြီးတော့ လုပ်ရမဲ့ အလုပ်တွေကို ခွဲပြီးတော့လုပ်ဆောင်နေကြတယ်။ ယခုအချိန်မှာတော့ နံပါတ်တစ် ရည်ရွယ်ချက်အနေနဲ့ အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် ပေါ်ပေါက်ရေးပေါ့၊ အောက်ဆီဂျင်စက် ရုံနဲ့ပတ်သက်ပြီး တော့ ဦးဇင်း သိရသလောက်ကတော့ မကြာမီအချိန်အတွင်းမှာ အောက်ဆီဂျင် စက်ရုံကြီးပေါ်ပေါက် လာမှာပေါ့။ ဒီလိုပေါ်ပေါက်မှလဲဘဲ ဦးဇင်းတို့ ကော့ကရိတ်မြို့နယ် ၊ ခရိုင်အတွက် အများကြီး အထောက် အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ ဒါမှ လည်းနောက်နောင်ဖြစ်ပေါ်လာမဲ့ အန္တရာယ်တွေ ကို ဦးဇင်းတို့ အခက်အခဲမရှိဘဲနဲ့ ကျော်လွှားနိုင်မယ်လို့ ဦးဇင်းက မျှော်မှန်းပြီး အကုန်လုံး လက်တွဲပူးပေါင်းပြီးတော့ လုပ်ဆောင်တာပေါ့။ ပူးပေါင်းလုပ်ဆောင်တဲ့ အထဲမှာဆို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပုလဲဖြူလူမှုကယ် ဆယ်ရေး အသင်းအဖွဲ့လည်းပါတာပဲ၊ ဂရုဏာဖောင်ဒေးရှင်းလည်းပါတာပဲ၊ အရိပ်စစ်လဲ ပါတာပဲ၊ တစ်ကိုယ်တော် ပရိဟိတအဖွဲ့လည်းပါ တာပဲ တတ်စွမ်းပြီးတော့ လုပ်ဆောင်ကြတယ်။ မေး။ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပံ့ပိုးကူညီပေးမှုကိုလဲ သိချင်ပါတယ် အရှင်ဘုရား? မိန့်ကြား။ ဒီကြားကာလထဲမှာလဲ ကျန်းမာရေးနဲ့ လိုက်လျောညီထွေအောင် ကျန်းမာရေးအထောက် အကူပြု PPE ဝတ်စုံနဲ့ အခြားလိုအပ်တာတွေကို တတ်နိုင်သမျှ ပံ့ပိုးပြီးတော့ လုပ်ဆောင်ပေးတာ ပေါ့။ ဒီလိုလုပ်ဆောင်ပေးရတာကလဲ ဦးဇင်းအနေနဲ့ ကော့ကရိတ်ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူပြည် သားတွေရဲ့ ပူပန်သောကတွေကို ဦးဇင်းဘက်က တတ်နိုင်သမျှ တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပြီးတော့ လုပ်ဆောင်ပေးတာပေါ့။ မေး။ ဖြည့်စွက်ပြီးဘာများပြောချင်ပါသလဲ အရှင်ဘုရား? မိန့်ကြား။ ယခုကာလမှာ ဦးဇင်းတို့အနေနဲ့ ဘာအခက်အခဲရှိလဲဆိုတော့ အားလုံး တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး မှာ ကြုံတွေ့ခံစားနေရတဲ့ ကမ္ဘာ့ကပ်ရောဂါလို့ ပြောလို့ရတဲ့ ဒီကိုဗစ်ကပ်ရောဂါကာလ လှိုင်းဒဏ်ထဲမှာ ဦးဇင်းတို့ မြန်မာနိုင်ငံဟာ အောက်ဆီဂျင်ဆိုတဲ့ လှိုင်းဒဏ်ကို ပိုပြီးတော့ ခံစားရပါတယ်။ဒီအောက်ဆီဂျင်နဲ့ လှိုင်းဒဏ်ခံစားနေရလို့ ဦးဇင်းက တစ်ဖက်တစ်လမ်းကနေ ပြီးတော့ အဖွဲ့အစည်းတွေအကုန်လုံး လက်တွဲပြီးတော့ ဘယ်အဖွဲ့မှ ဘယ်လူမျိုးမှ ဘယ်ပုဂ္ဂိုလ်မှ မခွဲခြားဘဲနဲ့ ပံ့ပိုးပြီးတော့ အောက်ဆီဂျင်ပြတ်လပ်မှုမရှိရအောင် ကျန်းမာရေးနှင့်အညီ ကော့ကရိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် တစ်နေ့ကို အောက်ဆီဂျင် ၁၀လုံး ၁၅လုံး ပုံမှန် ဖြန့်ဖြူး ပေးပါတယ်။ ရောဂါပိုးတွေ့ခံစားရတဲ့ ပုဂ္ဂိုလ်တွေကို အာဟာရရှိအောင်လို့ ဦးဇင်းနှင့်အတူ ဒကာ ဒါယိကာမတို့က အစားအစာတွေကို သွား ရောက် လှူဒါန်းပေးတာတွေလည်းရှိပါတယ် ဟု မိန့်ကြားသည်။ ဦးအောင်နိုင်ထွန်း ယာယီတပ်ဖွဲ့မှူး မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး မေး။ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးအနေဖြင့်လက်ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်ပါဝင် ဆောင်ရွက်နေမှုကိုသိချင်ပါတယ်ရှင်? ဖြေ။ ကြက်ခြေနီတပ်ဖွဲ့ဟာဆိုရင် ကော့ကရိတ်မြို့နယ်အနေနဲ့ ဒီကိုဗစ်ကာလမှာဆိုရင် ကျွန်တော် တို့ရဲ့ ပြည်သူလူထုတွေကို ကိုဗစ် - ၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တယ်၊ Mask Campaign တွေကိုလဲ ပြုလုပ်ပေးခဲ့ပါတယ်။ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာန ၊ မြို့နယ်ဆရာဝန်ကြီးတို့ရဲ့ လမ်းညွှန်ချက်တွေနဲ့ ကျွန်တော်တို့ဟာ လူနာတွေ အေးချမ်းစွာ ဆေးကုသမှုခံယူနိူင်ရန်အတွက် သူတို့အနေနဲ့ အစာအာဟာရဖြစ် အောင် ကြားမှာ အလှူရှင်များနဲ့ ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့တွေက ထမင်း၊ ဟင်းတွေအပြင် လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ကူညီပို့ဆောင်လှူဒါန်းပေးပါတယ်။ပိုးတွေလူနာအိမ်တွေကိုလည်း အလျင်သင့်သလို ပိုးသတ်ဆေး တွေ သွားရောက်ပြီးဆေးဖြန်းပေးတာတို့ကို ဆောင်ရွက်ပေးပါတယ်။နောက်ပြီးတော့ ပိုးတွေ့လူ နာတွေ ကွယ်လွန်အနိစ္စ ရောက်တဲ့အခါကျ ရင်လည်း ကျွန်တော်တို့တွေ့ မြို့နယ်မီးသဂြိုလ်စက် အဖွဲ့၊ ဂရုဏာဖောင်ဒေးရှင်း တို့နဲ့ ပူးပေါင်းပြီးတော့ အချိန် နှင့် တစ်ပြေးညီ သဂြိုလ်ပေးခဲ့ပါတယ်။ မေး။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုကို လည်းသိချင် ပါတယ်ရှင်? ဖြေ။ ဒီကိုဗစ်ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ကြက်ခြေနီ တပ်ဖွဲ့ဝင် တွေက ဆေးထိုးစုရပ်အလိုက် သက်ဆိုင်ရာမှ သွားရောက်ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါ တယ်။ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့တွေက ကိုဗစ်ကာလမှာ လိုအပ်တဲ့ နေရာတွေကို အဘက်ဘက်ကနေပြီးတော့ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ပါတယ်၊၊ မေး။ ဖြည့်စွက်ပြီးဘာများပြောချင်ပါလဲရှင် ? ဖြေ။ ကျွန်တော်အနေနဲ့ ဖြည့်စွက်ပြောချင်တာက ကျွန်တော်တို့ မိဘပြည်သူများအနေနဲ့ အပြင်ထွက်တိုင်း မဖြစ်မနေ နှားခေါင်းစည်း (Mask )တပ်ကြဖို့၊ ယခုလက်ရှိ ဒေသန္တရအမိန့် တွေကိုလည်း တိတိကျကျလိုက်နာပြီးတော့ ပူးပေါင်းပါဝင်ပေးကြဖို့၊ လူစုလူဝေးတွေကို ရှောင်ရှားပြီး လက်တွေကိုလည်း မကြာခဏ အရက်ပြန်တို့ လက်သန့်ဆေးရည်တို့နဲ့ ဆေးကြောခြင်းဖြင့် ကိုဗစ် - ၁၉ကပ်ရောဂါဘေးကြီးကို ပူးပေါင်း ပါဝင်ကြပါလို့ တိုက်တွန်းပြောကြားသည်။ တွေ့ဆုံမေးမြန်း - လှလှနွယ်၊ ခင်မျိုးဝင်း သတင်း / ဓာတ်ပုံ - စောအောင်မျိုးလွင်