သတင်းများ

အရာတော်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် စတုတ္ထအကြိမ်ခွဲဝေရရှိသည့် တရုတ်နိုင်ငံထုတ်(Sinopharm)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး​(၅၀၀)ကို ယမန်နေ့ နံနက်(၈)နာရီမှ ည​နေ (၃) နာရီအချိန်ထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမ၊ အ​ခြေခံပညာအထက်တန်း​ကျောင်း၊ အမှတ်(၂)ရပ်ကွက်၊ အ​ခြေခံပညာ မူလတန်းလွန်​ကျောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် စုရပ်​လေး​နေရာ သတ်မှတ်ပြီး အဖွဲ့​လေးဖွဲ့ခွဲကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့၊အဝေးပြေးကုန်တင်ကုန်ချ ယာဉ်ရပ်နားကားကြီးကွင်းအတွင်း၌ တပ်ဆင်ပြီးစီးသည့် Oxygen Plant မှ အောက်ဆီဂျင် ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Aug 15,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်က အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် လင်း၊လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မကွေးမြို့၊ အဝေးပြေးကုန်တင်ကုန်ချ ယာဉ်ရပ်နားကားကြီးကွင်းအတွင်း၌ တပ်ဆင်ပြီးစီးသည့် Oxygen Plant မှ အောက်ဆီဂျင် ထုတ်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရေတာရှည်မြို့နယ်၌ ဆေးဝါးနှင့်စားသုံးကုန်ပစ္စည်းများ စျေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန် ကွင်းဆင်းဆောင်ရွက်
Aug 15,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသ​ရေးဆိုင်ရာ ကျန်းမာ​ရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများအား စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်း မပြုရန် (သို့မဟုတ်) စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သို​လှောင်ခြင်းများ မပြုလုပ်ရန် ယ​နေ့မနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
မူဆယ်တွင် အခြေခံ ပြည်သူများအတွက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး မိသားစုကဆန်အိတ်(၁၀၀)ပေးအပ်ထောက်ပံ့ပေးအပ်
Aug 15,2021
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များအသင်း (အာဟာရ-ဒါန)မှ ရပ်ကွက် အတွင်းရှိချို့တဲ့အိမ်ထောင်စုများ၊ လက်လုပ်လက်စားများကို ဆီ၊ဆန်၊ဆားနှင့် ထမင်း ထုပ်များကို နေ့စဉ်(၂၀၀၀ဗူးမှ ၂၅၀၀ဗူးအထိ) ဝေငှလှူဒါန်းထောက်ပံ့ပေး လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များမှ မြောက်ဦးမြို့၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Aug 15,2021
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ပါးစပ်နှင့်နှာခေါင်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ လမ်းဆုံ/လမ်းခွများ၊ လူစည်ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
နောင်တရားဆေးရုံ၌ ကုသရေးသုံပစ္စည်းများကို အလှူရှင်များက လာရောက်လှူဒါန်း
Aug 15,2021
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးတွင် အသုံးပြုနိုင်ရန် အတွက်ကုသရေးသုံးပစ္စည်းများကို အလှူရှင်များက ယနေ့ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉၀၇)ဦးနှင့် သေဆုံးသူ(၆၅) ဦးထိ ရှိလာပြီဖြစ်
Aug 15,2021
တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူများနှင့် ၎င်းတို့နှင့်ထိစပ်သူများအား ယမန်နေ့နံနက်က RDT Test kit ဖြင့်စစ်ဆေး ခဲ့ရာ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ညနေအထိ စုစုပေါင်းပိုးတွေ့ အတည်ပြုလူနာ(၉၀၇)ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။