လားရှိုး ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ၏လမ်းညွှန်မှုဖြင့် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ‘၀’ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တို့ပူးပေါင်း၍ ဩဂုတ်လ(၁၅)ရက် နံနက်(၉)နာရီအချိန်က လားရှိုးမြို့အဝင် မုဉ်ဦး၊ မြို့လယ်အဝိုင်းပတ်တို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာလမ်းညွှန် ချက်များအား လိုက်လံအသိပေးဆော်ဩခဲ့သည်။
ထို့သို့လိုက်လံအသိပေးဆော်ဩရာတွင် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ‘၀’စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့မှ တိုင်းရင်းသားဘာသာဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဝန်ထမ်းများက မြန်မာဘာသာဖြင့်လည်းကောင်း ဆော်ဩပေးခဲ့သည်။
လားရှိုးမြို့တွင် ဩဂုတ်လမှစ၍ ယနေ့ထိ ပိုးတွေ့လူနာ တဖြည်းဖြည်းကျဆင်းလာပြီ ဖြစ်ကြောင်းသိရသည်။
ဥမ္မာချို