သတင်းများ

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) RCC(၃)ထပ် တည်ဆောက်မှု(၄၅) ရာခိုင်နှုန်း ပြီးစီး
Aug 16,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre) RCC (၃)ထပ်တည်ဆောက်လျက်ရှိရာ ယခုအခါ (၄၅) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ တာဝန်ခံ ဒေါ်ဝင်းမေထွန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများ၊ လူမူရေးအသင်း အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှ
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဩဂုတ်(၁၄)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ အသက် (၆၅)နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများနှင့် လူမူရေးအသင်း အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှု့စစ်ဆေးပြီး ကာကွယ် ဆေးထိုးနှံနေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ရွှေပြည်သာမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူနေ မိသားစုဝင်များအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာသနာ့ဗိမာန် တော်ကြီးတွင် ယမန်နေ့ မွန်းတည့် ၁၂နာရီ မှစတင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူနေ မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
မူဆယ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် ပါဝင်ဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့ များအား တွေ့ဆုံမေးမြန်းခြင်း
Aug 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်၊ မိုင်းယုကျေးရွာမှ ပါရမီလူမှုကူညီ ရေးအသင်းဥက္ကဋ္ဌ ဦးကျော်သန်းအားကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပါရမီ လူမှုကူညီရေးအသင်းမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေမှုများနှင့် ပတ်သက် ယနေ့ နေ့လယ်(၁၁)နာရီအချိန်တွင်သွားရောက်တွေ့ဆုံ မေးမြန်းမှု ကို ရေးသားလိုက်ပါသည်-
ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရာ ယနေ့နံနက် ၉ နာရီအချိန်က‌စတင်၍ ကာကွယ်‌ဆေးထိုး စုရပ်‌ နေရာများတွင် ဆက်လက်ထိုးနှံ‌ ပေးခဲ့‌ကြောင်းသိရသည်။ ကာကွယ်‌ဆေးထိုးနှံ‌ပေးရာတွင် မြို့နယ်အတွင်းရှိ (၆၅)နှစ်အထက် ပြည်သူများ ဦးတည်အုပ်စုများဖြစ်သည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ၀န်ထမ်းများနှင့်အလုပ်သမားများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများနှင့်ကျန်ရှိနေသည့်နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်‌ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခြင်းဖြစ်ကြောင်း ကို‌ဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်ဆီဂျင်အိုးများနှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေး
Aug 16,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းလှမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာများအတွက် အောက်ဆီဂျင် အိုးများနှင့်ဆက်စပ်ပစ္စည်းဖြစ်သည့် Regular များကို ထောက်ပံ့ ပေးပို့ခဲ့ရာမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှလက်ခံရရှိခဲ့ကြောင်းသိရသည်။
ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၇၅၀ ဦးအား ဆက်လက်ထိုးနှံပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပြည်သူများအား ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများကို Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး
Aug 16,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများကို ယမန်နေ့နံနက်က မြန်အောင်မြို့မရဲစခန်းတွင် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။