သရက် ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့နှင့် ကမ်းနားလမ်းဇက်ဆိပ်တို့တွင် လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ဆိုင်ကယ်၊ မော်တော် ကားများ မလိုအပ်ဘဲအပြင် မထွက်ရန်၊ Mask များ စနစ်တကျတပ်ဆင်ရန်နှင့် အပြင်ထွက်ခွာခွင့် ကတ်များဖြင့် သွားလာကြရန် အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ရောဂါပိုး ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ မိမိ ကိုယ်တိုင် ကာကွယ်စောင့်ရှောက်တတ်စေရန်၊ ဆောင်ရန် / ရှောင်ရန်များနှင့် မိမိ၏ မိသားစုဝင်များတွင် ကိုဗစ်-၁၉ သံသယရှိလာခြင်းနှင့် မိမိပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉သတင်းများနှင့်ပတ်သက်၍ ကြားသိပါက ဆက်သွယ် ရမည့်ဖုန်းနံပါတ်များ၊ ကုသရေးစင်တာများနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များပါဝင်သည်။ သရက်မြို့အတွင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ခရီးသွားပြည်သူများ နေအိမ် ပြင်ပသို့ သွားလာရာတွင် သတ်မှတ်ထားသော စည်းကမ်းချက် များအား လိုက်နာမှု ရှိ/ မရှိ နှိုးဆော် စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။