လဟယ် ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျလွေချောင်းရေအား လျှပ်စစ်ရေလှောင်ကန်ကြီးအတွင်းမှ နွံများကို လဟယ်မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဦးဆောင်၍ စက်ယန္တရား(၂)စီးဖြင့် ယမန်နေ့ကစ၍စတင် ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါကျလွေချောင်းရေအား လျှပ်စစ်ရေလှောင်ကန်သည် ရေဂါလံ(၉၀၀၀၀၀)ဆံ့ ရေလှောင်ကန်ဖြစ်ပြီး (၁၅၀)ကီလို၀ပ် စက်(၂)လုံးဖြင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အတွက်(၂၄)နာရီဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးဇော်၀င်းထွန်းထံမှ သိရသည်။
ရှားဆက်(လဟယ်)