သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉၃၄)ဦးနှင့် သေဆုံးသူ (၆၅) ဦးထိ ရှိလာပြီဖြစ်
Aug 16,2021
တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူ များနှင့် ၎င်းတို့နှင့်ထိစပ်သူများအား ယမန်နေ့နံနက်က RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ညနေအထိ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၉၃၄)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း (၄၁၅၅)ဦး ထိုးနှံပြီးစီး
Aug 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုထောက်ပံ့
Aug 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် စာရင်းဇယားပိုင်းဆိုင်ရာနှင့် အခြားလိုအပ်သည်များတွင် အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌမှ ဆန်နှင့် Maskများအား ဂုဏ်ပြု ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး
Aug 16,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယ အကြိမ် ထိုးနှံပေးရမည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည် သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ကျောက်ပန်းတောင့်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့် အခြားဦးစားပေးအုပ်စုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်ကျန်းမာရေးဌာနတို့၏ ကြီးကြပ်စီစဉ်မှုဖြင့် ဩဂုတ်(၁၅)ရက်နေ့ နံနက်(၈)နာရီက အသက်(၆၅)နှစ်နှင့် အထက်နှင့်သက်ကြီးဘိုးဘွားများနှင့် အခြားဦးစားပေးအုပ်စုဝင်များအား၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများဆက်လက် ထိုးနှံပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု စက်တင်ဘာ ဒုတိယပတ်တွင်အပြီးတည်ဆောက်သွားမည်
Aug 16,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ အ‌ကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ၂၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကာ စက်တင်ဘာဒုတိယပတ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်မျိုးဆက် ထံက သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
Aug 16,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေးအတွက် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက ယမန်နေ့မနက်ပိုင်း က ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကျောက်ပန်းတောင်းဆေးရုံတွင် ကိုဗစ်သံသယရှိသူများအား RDT Test Kit ဖြင့် စစ်ဆေးပေးရာ(၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ
Aug 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများအား ဩဂုတ်(၁၅)ရက်နေ့ နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ၊ RDT Test Kit ဖြင့်စစ် ဆေးပေးခဲ့ရာ (၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။