ငါန်းဇွန် ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရာ အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင် များက လုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက် ရှိကြောင်း သိရသည်။
ထိုသို့လာရောက်လှူဒါန်းလျှက်ရှိရာ ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျောက်ဆည်မြို့မှ ဦးကြီးရင်၊ ဦးရဲစိုး(သုံးရာသီဘိုမြင့်သူ/ဟော်နွန်ကုမ္ပဏီ) မိသားစုမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများအတွက် လိုအပ်သလိုအသုံးပြုနိုင်ရန် (၁၆ဝဝဝဝဝိ/-) (တစ်ဆယ့် ခြောက်သိန်းကျပ်/-) တန်ဘိုးရှိ အောက်ဆီဂျင်အိုးကြီး (၄၀လီတာ) (၅)လုံးကို မြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီထံသို့ လာရောက် လှူဒါန်းသဖြင့် မြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)က အလှူရှင် မိသားစုအား ကျေးဇူးအထူး တင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)