ထီးလင်း ဩဂုတ် ၁၅
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့်ကာလ၌ ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းများနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချစေရေးတို့အတွက် ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထီးလင်းမြို့ရှိ ဆေးဝါးနှင့်ဆေးပစ္စည်း ရောင်းချသည့် ဆေးဆိုင်များအနေဖြင့် ဈေးကွက် အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာ ရောင်းချရေး၊ ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချရေး၊ ဆေးဝါးနှင့်ဆေးပစ္စည်းရောင်းချသည့် ဆိုင်ရှင်များနှင့်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဦးစားပေး ထိုးနှံနိုင်ရေး၊ ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန် မြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင် ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်အသွေးနိမ့် ဆေးဝါးပစ္စည်းများ ရောင်းချခြင်း မရှိစေရေး စသည်တို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်၊ ကျန်းမာရေးနှင့်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကာ ထီးလင်းမြို့ပေါ် ရပ်ကွက်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ရောင်းချသည့် ဆေးဆိုင်(၅)ဆိုင် ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)