ဘုတ်ပြင်းမြို့တွင် မြို့မစခန်းအတွင်းမှ အချုပ်သားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဘုတ်ပြင်း   ဩဂုတ်   ၁၅     ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့မစခန်းအတွင်း၌ ချုပ်နှောင်ထားရှိသည့် တရာခံများအား ဩဂုတ် ၁၄ ရက်နေ့ နံနက်(၁၁၀၀)နာရီက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါ်က်တာ ထွန်းထွန်းကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက ချုပ်နှောင်ထားရှိသည့် တရာခံ (၄၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာဘုတ်ပြင်းမြို့နယ်ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးနေလင်းအောင်   ဒုတိယ ရဲမှူး မြဇော်မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)