ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း (၄၁၅၅)ဦး ထိုးနှံပြီးစီး

ငါန်းဇွန်   ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်း ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄)အုပ်စုရှိပြီး ဇုံ()ဇုံခွဲ၍ ဇုံနယ်မြေ အလိုက် သတ်မှတ်ထားသည့်နေရာများ၌ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇူလိုင် ၃၁ရက်နေ့မှစတင် ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ မြို့မဇုံတွင် (၁၀၁၆)ဦး၊ ခြင်္သေ့လက်ဇုံတွင် (၆၆၅)ဦး၊ သားကျင်ဇုံတွင်(၈၆၄)ဦး၊ မြို့သာဇုံတွင် (၈၂၇)ဦးနှင့် ငါန်းမြာဇုံတွင် (၇၈၃)ဦး၊ စုစုပေါင်း (၄၁၅၅)ဦးအား ထိုးနှံပြီးဖြစ်ပြီး ကျန်ရှိသော ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဇုံနယ်မြေအလိုက် စုရပ်နေရာများ၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

        

သက်နောင်ဦး(ငါန်းဇွန်)