တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူ များနှင့် ၎င်းတို့နှင့်ထိစပ်သူများအား ယမန်နေ့နံနက်က RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ညနေအထိ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၉၃၄)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယနေ့ညနေအထိ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ စုစုပေါင်း (၂၇)ဦးတို့မှာ ထောက်ကြံ့ကွင်းကျေးရွာ၊ ဇီးတန်းကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ ဆတ်သွားကျေးရွာတို့မှ ဖြစ်သည်။
တောင်တွင်းကြီးမြို့နယ်တွင် ယနေ့ညနေအထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာစုစုပေါင်း (၉၃၄)ဦးနှင့် သေဆုံးသူ(၆၅)ဦးရှိပြီဖြစ် ကြောင်းသိရသည်။
နိုင်ဝင်း