မြဝတီ သြဂုတ် ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် စာရင်းဇယားပိုင်းဆိုင်ရာနှင့် အခြားလိုအပ်သည်များတွင် အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌမှ ဆန်နှင့် Maskများအား ဂုဏ်ပြု ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဂုဏ်ပြု အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ကျေးဇူးတင်အမှာစကား ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင် တို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများအား တစ်ဦးလျှင် ဆန် ၆ ပြည်အိတ် တစ်အိတ်နှင့် Mask တစ်ဖာအား ဂုဏ်ပြုထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်