သတင်းများ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဆေးနှင့်ဆေးပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိရေး၊ အခြေခံ စားသောက်ကုန်များကို စျေးကားများဖြင့် ၄၄ မြို့နယ်အတွင်း လှည့်လည်ရောင်းချရေး အစည်းအဝေး ပြုလုပ်
Aug 16,2021
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်အောက်ရှိ ညီနောင်အသင်းတို့မှ တာဝန်ရှိသူများနှင့် သီခြားစီတွေ့ ဆုံပြီးဆေးနှင့် ဆေးပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့်ဝယ်ယူရရှိရေး ၊ အခြေခံစား သောက်ကုန်များကို စျေးကားများ ဖြင့် ၄၄ မြို့နယ်အတွင်း လှည့်လည်ရောင်းချရေး ဆွေးနွေးညှိနှိုင်းကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကျုံပျော်မြို့ ကိုဗစ်-၁၉ ကာကွယ်ကုသ ရေးအတွက် ပစ္စည်းများလှူဒါန်းပြီး အောက်ဆီဂျင် စက်ရုံတည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှု
Aug 16,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်‌အောင်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ ညနေ ၃ နာရီက ကျုံပျော်မြို့ ကိုဗစ်-၁၉ ကာကွယ် ကုသရေးအတွက် ပစ္စည်းများလှူဒါန်းပြီး အောက်ဆီဂျင် စက်ရုံတည်ဆောက်မည့် နေရာအား သွားရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများအတွက် တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ Immurich ဆေးဝါးများထောက်ပံ့ပေးအပ်
Aug 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေး စောင့်ရှောက် မှုခံယူနေသူများအတွက် တနင်္သာရီတိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ Immurich ဆေးဝါးများထောက်ပံ့ပေးအပ်ခြင်းကို ယမန်​နေ့၊ နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများ ထပ်မံပေးအပ်
Aug 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အသင်း၊ ကြက်ခြေနီ အသင်းနှင့် မြို့နယ် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များအနေဖြင့် သွားလာရေးနှင့် စားသောက်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများ ဒုတိယအကြိမ် ထပ်မံ ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်အတွင်း လူဦးရေ (၄၇၀၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစု များ၊ ပြည်သူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဩဂုတ်လ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာ လူဦးရေ(၁၂၀၀)ဦး ထိုးနှံပြီးစီး ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ဆရာဝန်ကြီးက သဲဖြူရွာနှင့် မောတောင်တိုက်နယ်ဆေးရုံသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 16,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်းသည် ယမန်နေ့ မွန်းလွှဲ၂ နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံမှ သိန်ခွန်းကျေးရွာအုပ်စု သဲဖြူကျေးရွာနှင့် မောတောင် တိုက်နယ်ဆေးရုံသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 16,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မံစီမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက်ထောက်ပံ့ပေးအပ်သည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း စား၀တ်နေရေးအခက်အခဲဖြစ်နေသည့် အိမ်ထောင်စု ၂၀၀ စုအတွက် အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့လှူဒါန်း
Aug 16,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စား ၀တ်နေရေး အခက်အခဲများဖြစ်နေသည့် မြို့ပေါ်ရပ်ကွက်အချို့မှ ဆင်းရဲနွမ်းပါးသော မိသားစုဝင်အိမ် ထောင်စု ၂၀၀ စုတို့အတွက်အခြေခံစားသောက်ကုန် ၅ မျိုးနှင့် နှာခေါင်းစည်း (Mask) များကို ယနေ့ မွန်းလွဲပိုင်းက We Love Rakhine အဖွဲ့မှ ၎င်း တို့၏နေအိမ်များအရောက် သွားရောက်ကာ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။