မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယ အကြိမ် ထိုးနှံပေးရမည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည် သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည့်ဆေးအမျိုးအစား (၃)မျိုးရှိကြောင်း၊ ယခင်လ (ဇူလိုင်လ) ၁၀ရက်အတွင်းက ဦးစားပေးထိုးနှံပေးခဲ့သည့် ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ ၊ ဆရာမများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများအား ယခုလ (ဒုတိယအကြိမ်)အဖြစ် ပြန်လည်ထိုးနှံ ပေးခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်ဆိပ်ဖြူ မြို့နယ်အတွက် ဆေးအလုံး ၃၀၀ရရှိပြီး လူဦးရေ ၃၀၀ဦးအတွက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမျိုး (ယောဧရာ)