ကျောက်ပန်းတောင်း ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်ကျန်းမာရေးဌာနတို့၏ ကြီးကြပ်စီစဉ်မှုဖြင့် ဩဂုတ်(၁၅)ရက်နေ့ နံနက်(၈)နာရီက အသက်(၆၅)နှစ်နှင့် အထက်နှင့်သက်ကြီးဘိုးဘွားများနှင့် အခြားဦးစားပေးအုပ်စုဝင်များအား၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများဆက်လက် ထိုးနှံပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရန်အတွက်၊ မြို့နယ်သာသနာ့ဗိမ္မာန်နှင့် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆေးထိုးစုရပ်(၂)ခုခွဲ၍ ဆောင်ရွက်ပေးခဲ့ရာ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ပူးပါင်း ပါဝင်ဆောင်ရွက်ပေးကြသည်။ တတိယအသုပ် ဆေးထိုးနှံနိုင်ရေး အတွက် ဆေးအလုံးရေ(၂၄၅၀)လုံး ရရှိခဲ့ကြောင်းသိရပြီး၊ ယနေ့ ဆေးထိုးနှံမှုတွင် သက်ကြီးဘိုးဘွားများအပြင် သံဃာတော် များနှင့် သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာ ရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိ ကဘဏ်ဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံဝန်ထမ်းများ၊ ပို့ဆောင်ရေးလုပ်ငန်းနှင့် Supper Market/ ဈေးသည်များ အစရှိသည့် ဦးစားပေး အုပ်စုဝင်များကို ထိုးနှံပေးခဲ့ကြောင်းနှင့် စုစုပေါင်း လူဦးရေ(၁၀၃၄)ဦး ထိုးနှံခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)